Select Page

ထိုင်းနိုင်ငံရှိအမှုဆောင်အရာရှိရှာဖွေငှားရမ်းမှုအေဂျင်စီ

ထိုင်းနိုင်ငံရှိသင်၏ ယုံကြည်စိတ်ချရသောအကြံပေးလုပ်ဖော်ကိုင်ဖက် ဖြစ်သော Asia HR သည် လုပ်ငန်းရှင်များနှင့်အလုပ်လျောက်ထားသူများ၏အောင်မြင်မှုမျှော်မှန်းချက်များကိုရရှိစေရန်ပံပိုးပေးပါသည်။

Home » ထိုင်းအေဂျင်စီ:အမှုဆောင်အရာရှိငှားရမ်းမှုအေဂျင်စီ

ကျွန်တော်တို့၏အမှုဆောင်အရာရှိရှာဖွေငှားရမ်းမှုကျွမ်းကျင်မှု

Executive Searchဝန်ထမ်းခေါ်ယူခြင်းဝန်ဆောင်မှုသည်Asia HR Thailand Recruitment Firm၏အဓိကသော့ချက်နယ်ပယ်ဖြစ်သည်။ ကျွန်တော်တို့သည်ထိုင်းဈေးကွက်၏အမျိုးမျိုးသောစက်မှုလုပ်ငန်းများမှပြည်တွင်းနှင့်နိုင်ငံတကာကုမ္ပဏီများအတွက်အထူးပြုနယ်ပယ်ကျွမ်းကျင်သူများနှင့်ခေါင်းဆောင်မှုပိုင်းရာထူးများရှာဖွေပေးခြင်းတို့ကိုအထူးကျွမ်းကျင်သည်။

AsiaHRThailand Recruitment Firmသည်အကြံပေးလုပ်ဖော်ကိုင်ဖက်များအနေနှင့်ချဉ်းကပ်မှုဖြစ်စဉ်ကိုကူညီခြင်း၊လုပ်ငန်းကဏ္ဍများအပေါ်ပညာပေးခြင်းနှင့်အကောင်းဆုံးနှင့်ရလဒ်ကောင်းများကိုရရှိသေချာမှုရှိစေရန်အတွက်အဆင့်မြင့်စီမံခန့်ခွဲမှုခန့်အပ်မှုအတွက်ကျွန်တော်တို့၏လုပ်ငန်းရှင်များအားကူညီသည်။ထို့အပြင်ကျွန်တော်တို့၏ချဉ်းကပ်မှုသည်fully confidential ဖြစ်ပြီးအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်သောအဆင့်များစွာဖြင့်တည်ဆောက်ထားသည်။

AsiaHRThailandသည်ထိုင်းနိုင်ငံတွင်တစ်နေရာတည်းတွင်အလုပ်သမားရှာဖွေစုဆောင်းသောဝန်ဆောင်မှုအမျိုးမျိုးကိုဝန်ဆောင်မှုပေးသည်။ ကျွန်တော်တို့၏အကောင်းဆုံးလေ့ကျင့်ရေးအသင်းနှင့်အတိုင်ပင်ခံများနှင့်အတူကျွန်တော်တို့သည်ထိုင်းနိုင်ငံတစ်ဝှမ်းလုံးအတွက်ဝန်ထမ်းငှားရမ်းခြင်းဝန်ဆောင်မှုကိုလုပ်ကိုင်သည်။ ကျွန်တော်တို့၏ဘန်ကောက်အလုပ်အမှုဆောင်ရှာဖွေရေးကုမ္ပဏီသည်အောက်ပါအတိုင်းကြားဝင်ဆောင်ရွက်နိုင်သည်။

ကျွန်တော်တို့၏Recruitment Bangkokရုံးသည်သင်၏ လုပ်ငန်းအတွက်သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များမှထိုင်းနှင့်Expatဝန်ထမ်းလောင်းများကိုအချိန်တိုအတွင်းတွင်ရှာဖွေနိုင်သည်။

အကြောင်းအရာ:

၀န်ထမ်းလောင်းများနှင့်သေချာတွေဆုံမေးမြန်းခြင်းအားဖြင့် ပြည့်စုံလိုအပ်သောအချက်အလက်များနှင့်ဗဟုသုတများ၊ယင်းတို့၏သမိုင်းအချက်အလက်များ၊ယဉ်ကျေးမှုနှင့်လူထုအကြောင်းတို့အတူကုန်ပစ္စည်းနှင်တကွဝန်ဆောင်မှုတို့ကိုသိရှိနိုင်ပါသည်။

ခွဲခြမ်းစိတ်ဖြာခြင်း

တင်ပြထားသောဝန်ထမ်းလောင်းတစ်ဦးစီအတွက်Asia HRသည်လုပ်ငန်းရှင်များအတွက်ယင်းတို့၏နောက်ခံအတွေ့အကြုံကိုအပြည့်အဝအကျဉ်းချုပ်ဖော်ပြချက်များပေးပို့ပေးပါသည်။

အသေးစိတ်အချက်အလက်များ​:

ဤသို့စုဆောင်းရရှိသောသတင်းအချက်များသည်အလုပ်နေရာအလိုက်လိုအပ်ချက်များနှင့်ကိုက်ညီပြီး ရှာဖွေထားသောပရိုဖိုင်များ၊ ရှာဖွေရေးမဟာဗျူဟာများနှင့်သက်ဆိုင်သည့်အချက်အလက်များရေးသားဖော်ပြရမည်ဖြစ်သည်။

အကူအညီးပေးခြင်း:

Asia HRသည်interview နောက်ဆုံးအဆင့်အရေးကြီးသောအဆင့်တွင် reference check များကို နောက်ဆုံးအောင်မြင်သောcandidate၏အလုပ်ရှင်ဟောင်းများ၊လုပ်ဖော်ကိုင်ဖက်များဆီမှရယူပြီးကျွန်တော်တို့၏clientဆီသို့ပို့ဆောင်ပေးခြင်းဖြင့်ကူညီပေးပါသည်။

သုတေသနပြုလုပ်ခြင်း:

ကျွန်တော်တို့၏clientမှပစ်မှတ်ထားသည့်ကုမ္ပဏီများစာရင်းမှAsiaHRသည်အကောင်းဆုံးနှင့်အသင့်တော်ဆုံးသောဝန်ထမ်းလောင်းများကိုချည်းကပ်ခြင်း၊စစ်ဆေးမေးမြန်းအကဲဖြတ်ခြင်း၊ရွေးချယ်ပေးခြင်းစသည်တို့ကိုလုပ်ဆောင်ပေးပါသည်။

နောက်ဆက်တွဲဝန်ဆောင်မှုပေးဆောင်ခြင်း:

Asia HRသည်လုပ်ငန်းရှင်များ၏အလုပ်တွင် စတင်ဝင်ရောက်လုပ်ကိုင်သောကျွန်တော်တို့အေဂျင်စီမှငှားရမ်းထားသည့်ဝန်ထမ်းလောင်းများစတင်ဝင်ရောက်လုပ်ကိုင်သောအခါတွင်လည်းဆက်သွယ်မှုရှိနေဆဲဖြစ်သည်။ကျွမ်းကျင်အတိုင်ပင်ခံတို့သည် ၎င်းတို့၏ အချိန်၁၀၀%အား အလုပ်တွင်ပေးထားခြင်းကြောင့် ပြည့်ဝသောပံပိုးမှုကိုကျွန်တော်တို့၏အေဂျင်စီမှရရှိမည်ဖြစ်သည်။ 

ကျွန်တော်တို့၏ဖောက်သည်များအတွက်အကောင်းဆုံးဖြစ်နိုင်သောဝန်ဆောင်မှုအရည်အသွေးကိုရရှိစေရန် ကျွန်တော်တို့၏အချိန်၊ အရည်အသွေး၊ပွင့်လင်းမြင်သာမှုရှိစေရန် ကတိကဝတ်ပြုလုပ်ဆောင်သည်။သိသာထင်ရှားတဲ့ကတိကဝတ်များအားလေးစားမှုနှင့်ကျွန်ုပ်တို့၏ကျွမ်းကျင်မှုတို့သည်ကျွန်ုပ်တို့၏ဖောက်သည်များနှင့်ယုံကြည်မှုတည်ဆောက်ခြင်း၏အခြေခံဖြစ်သည်။

အမှန်တကယ်တော့ကြားဝင်စွက်ဖက်မှုရဲ့အခြေအနေများအားလုံးသည်ကျွန်တော်တို့၏ကုမ္ပဏီနှင့် client တို့အကြားသဘောတူညီချက်ရယူသည်။ Asia HR Thailandသည်လုပ်ငန်းစဉ်တလျောက်လုံးအတတ်နိုင်ဆုံးလျှို့ဝှက်ထားရမည်တို့ကိုထားရှိရန်ကတိကဝတ်ပြုထားသည်။

Asia HR Thailandသည်သတ်မှတ်ချက်များပြုလုပ်ပြီးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက်သုံးပတ်မှလေးပတ်အတွင်း သုတေသန၏ ရလာဒ်များနှင့် ဝန်ထမ်းလောင်းများအားကြိုတင်ရွေးချယ်ထားခြင်းကို ပြုလုပ်ပါသည်။မည်သည့်အချိန်တွင်မဆို Asia HR Thailandသည်ကျွန်တော်တို့၏client များအားစဉ်ဆက်မပြတ်ကျွန်တော်တို့၏ လုပ်ငန်းတာဝန်များကိုအကြောင်းကြားဆောင်ရွက်မှုပြုပါသည်။

Asia HR Thailand သည် ၏ကျွန်တော်တို့၏ဆီမှခေါ်ယူခန့်အပ်ထားသည့် ဝန်ထမ်းလောင်းသည်သတ်မှတ်ထားသည့်အာမခံကာလအတွင်းကုမ္ပဏီမှထွက်ခွာသွားပါကကျွန်တော်တို့ကုမ္ပဏီမှဝန်ထမ်းအသစ်ပြန်လည်ရှာဖွေခန့်အပ်ပေးပါသည်။ကျွန်တော်တို့မှလုပ်ငန်းရှင်နှင့်ဝန်ထမ်းအကြားမျှတမှုဖြစ်စေရန် ကြားဝင်စေ့စပ်မှုများကိုပါလုပ်ဆောင်ပါသည်။

ကျွန်တော်တို့အေဂျင်စီသည်အမျိုးမျိုးသောbusiness sectorsများဖြစ်သည့်Asia Conglomerate,consumer & retail, finance, accounting & Banking,Healthcare & Life Sciences, HR, Legal & Compliance, IT & Digital Recruitment, Property & Constructions, Chemicals, Oils & Gas, Supply Chain and Telecom စသည့် industries များအတွက် သင့်လျော်ကိုက်ညီသော ဝန်ထမ်းကို ရှာဖွေပေးပါသည်။

သင်တို့ကိုဘယ်လိုကူညီပေးရမလဲ။